|
၈ လပိုင်းမှာ |
Saturday, September 22, 2007 |
၈ လပိုင်းမှာ
သူ့တယောက်ထဲကိုပဲ မွေးထားတဲ့ မိဘတွေအတွက် သတင်းစာထဲမှာ မိသားစု တရားဟောလို့ ဒီလမ်း ဒီမြေ ဒီရေပေါ်မှာ... အနီရောင် မပြယ်သေးတဲ့ ရောင်နီတွေ ကျန်သေးတယ် ဒီခု ဒီနှစ် ဒီသက္ကရာဇ်တွေမှာ ပေတရာမကတဲ့ ခြေရာတွေ ကျန်သေးတယ် ဒို့အရေး နေပူကြဲကြဲ အလံသဲသဲမှာ အသံလှိုင်းကြီး ထခဲ့ အရင်တုန်းက ပိုက်ဆံတွေကို စက္ကူလုပ်လိုက်လို့ (၁၉၈၈) အခု စက္ကူတွေကို ပြာဖြစ်အောင် လုပ်လိုက်လို့ (၂၀၀၇) တစ်ဝမ်းနဲ့တစ်ခါး ကျိုးပျက်သွားတာချည်းပဲ၊ ဒိန်းကနဲ ဒိန်းကနဲ သေနတ်တွေ တပြင်ပြင်နဲ့ အုပ်စုလိုက် လူပစ်သတ်ပွဲတွေကြားမှာ အင်္ကျီ၊ ပုဆိုး၊ ထမိန်(တကိုယ်လုံး) အားလုံး အနီရောင် ခပ်ရဲရဲ ၀တ်ခဲ့ကြရ ၀ါးရင်းတုတ်တွေ တပြပြနဲ့ အုပ်စုလိုက် လူရိုက်သတ်ပွဲတွေကြားမှာ... ၈ လပိုင်းမှာ ဒီမိုကရေစီ ၈ လပိုင်းမှာ လူထုလှုပ်ရှားမှု ကားလမ်းတလျှောက် ကုန်းကြောင်းလျှောက်လို့ လက်ခုတ်သံကြား ဦးခေါင်းမော့လို့ ဟိုဘက် ဒီဘက် လူ့ငပျက်တွေကြားမှာ အော်ဆဲ၊ ၀င်ထိုး၊ ပုဆိုးချွတ်၊ ထမိန်ချွတ်၊ ကားပေါ်ပစ်တင်ခံကြရ ပြည်သူ့ လက်ခုတ်သံနဲ့ ၀ါးရင်းတုတ်တွေ ကျိုးကျန်စေရမယ် ပြည့်သူ့ဆန္ဒနဲ့ စနစ်ဆိုးကြီး မြေခစေရမယ် ပြည့်သူ့အသံနဲ့ ဒီမိုကရေစီအလံ တင်ကြမယ်၊
၃၉ မျဉ်းပြိုင်များ
Mizzima မှကူးယူဖော်ပြသည်။ |
posted by ပဉ္စမမြောက်မျိုးဆက် @ 9:52 AM |
|
|
|
ကျွန်တော့်အကြောင်း |
Name: ပဉ္စမမြောက်မျိုးဆက်
Home: ခွပ်ဒေါင်းမြေ, သခင်နိုင်ငံတော်
About Me: ကျွန်တော် ခွပ်ဒေါင်းတစ်ကောင်ပါ။
ခေတ်အဆက်ဆက် ဖိနှိပ်မှုတွေကို ရှေ့ဆုံးကနေမာန်ဟုန်အပြည့်နဲ့တွန်းလှန်ခဲ့ကြတဲ့ ခွပ်ဒေါင်းမျိုးဆက်တွေရဲ့ ပဉ္စမမြောက်မျိုးဆက်ပါ။ အာဏာရှင်တွေ အာဏာသုံးပြီး ဖိနှိပ်နေသမျှ ကာလပတ်လုံး လက်မမြှောက် ဒူးမထောက် အညံ့မခံပဲ တွန်းလှန်သွားမယ်လို့ ကတိသစ္စာပြုပါတယ်။
See my complete profile
|
သတ်ဖြတ်မှုတွေချက်ချင်းရပ် |
|
Let's Sign the Petition |
|
မြန်မာပြည်ရဲ့အချိန်သိချင်ရင် |
|
တင်ခဲ့ပြီးသမျှ |
|
Archives |
|
ကျွန်တော်ချစ်ခင်လေးစားရပါသော ဘလော့်ဂါများ |
|
သတင်းစကားပါးကြစို့ |
|
အလည်အပတ်လာရောက်ကြသူများ |
|
ပဉ္စမမြောက်မျိုးဆက်၏ သဘောထား |
နစ်နေမန်း၊ မျိုးချစ်မြန်မာ၊ ကိုထိုက်၊ ဆုံဆည်းရာနှင့်တကွ အားလုံးသောရွှေဝါရောင်တော်လှန်ရေးရဲဘော်ဘလော့ဂ်များအား နအဖမှ ဘန်းလိုက်ခြင်းကို အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။ စစ်အဆိုးရ ကျဆုံးရမည်။ အရေးတော်ပုံအောင်ရမည်။ ဓမ္မရန်သူ ဤကမ္ဘာမြေမှ ပျောက်ကွယ်ရမည်။ |
လာလည်သူပေါင်း |
|
လာရောက်အားပေးနေသူ |
|
ဆက်သွယ်ရန် |
|
|
|