|
မစ္စတာဂမ်ဘာရီနဲ့ လုံခြုံရေးချထားမှု (မြန်မာစံတော်ချိန် ညနေ ၅ နာရီ (သတင်းရယူချိန်)) |
Saturday, September 29, 2007 |
 “မစ္စတာ ဂမ်ဘာရီ ရောက်တာတော့ ရောက်ပြီ။ ဒါပေမဲ့ ခေါ်လာတာ မတွေ့သေးဘူး။ ဘယ်ကို ခေါ်သွားတယ် ဆိုတာ မသိရသေးဘူး။ ထရိတ်ဒါးမှာလည်း လူတွေ ရှင်းထားတယ်။ ထရိတ်ဒါး ရှေ့နား၊ ဆူးလေ ကားမှတ်တိုင်ကိုလည်း ဒီနေ့ မနက်ပိုင်းကစပြီး၊ ကားမှတ်တိုင် ပြောင်းထားလိုက်တယ်။ သမတ ရုပ်ရှင်ရုံရှေ့ ကုန်းနားမှာ ပြောင်းရပ်ခိုင်းထားတယ်။ မသိတဲ့ ကားသမားတွေက ဆူးလေ မှတ်တိုင်မှာ ရပ်တော့ ဆင်းလာတဲ့ သူတွေကို စစ်သားတွေက ရိုက်လွှတ်တယ်တဲ့။ မြင်တဲ့ လူတွေက ပြန်ပြောပြတယ်။ ၁၁ နာရီ၊ ၁၂ နာရီ လောက်က စစောင့်ပြီး ရိုက်တာတဲ့။ ဆူးလေမှတ်တိုင်မှာ စစ်ကား ၄၊ ၅၊ ၆ စီး ရှိတယ်။ တန်းစီ စောင့်နေတာ။ မိုးကလည်း ရွာနေတယ်။ ကားပေါ်က ဆင်းလာတဲ့ လူတွေကို ရိုက်လွှတ်တယ် ဆိုတော့ လူတွေက ရှင်းနေတာပဲ။” ဟု လေ့လာ စောင့်ကြည့်နေသူ တဦးက ပြောသည်။
“သိမ်ကြီးဈေးတို့ ဘာတို့ ဈေးတွေလည်း ၄ ရက် ပိတ်ထားတယ်။ ဆူးလေ လမ်းတလျှောက်မှာတော့ လူတွေ နေလို့ မရအောင် စစ်သားတွေက ထိုင်ကို စောင့်နေကြတာ။ စစ်ကား ၁၄ စီး၊ ၁၅ စီး ရှိတယ်။ မီးသတ်ကားတွေလည်း ၆ စီး၊ ၇ စီး ရှိတယ်။ စွမ်းအားရှင်တွေကတော့ ပန်းခြံတို့မှာ ရှိနေတယ်။ ဒိုင်နာကား ၂ စီးလောက် ချထားတာ တွေ့ခဲ့တယ်။ လက်ရှိပုံစံကို ပြောရရင် စစ်ရုံးချုပ်ကြီးလိုပဲ။ ကျနော်ကတော့ 'ထရိတ်ဒါး စစ်ဌာနချုပ်ကြီး' လို့တောင် နာမည် ပေးခင်တယ်ဗျာ” ဟု သူက ဆက်ပြောသည်။
Source: Mizzima |
posted by ပဉ္စမမြောက်မျိုးဆက် @ 5:01 AM  |
|
|
|
ကျွန်တော့်အကြောင်း |

Name: ပဉ္စမမြောက်မျိုးဆက်
Home: ခွပ်ဒေါင်းမြေ, သခင်နိုင်ငံတော်
About Me: ကျွန်တော် ခွပ်ဒေါင်းတစ်ကောင်ပါ။
ခေတ်အဆက်ဆက် ဖိနှိပ်မှုတွေကို ရှေ့ဆုံးကနေမာန်ဟုန်အပြည့်နဲ့တွန်းလှန်ခဲ့ကြတဲ့ ခွပ်ဒေါင်းမျိုးဆက်တွေရဲ့ ပဉ္စမမြောက်မျိုးဆက်ပါ။ အာဏာရှင်တွေ အာဏာသုံးပြီး ဖိနှိပ်နေသမျှ ကာလပတ်လုံး လက်မမြှောက် ဒူးမထောက် အညံ့မခံပဲ တွန်းလှန်သွားမယ်လို့ ကတိသစ္စာပြုပါတယ်။
See my complete profile
|
သတ်ဖြတ်မှုတွေချက်ချင်းရပ် |
 |
Let's Sign the Petition |
|
မြန်မာပြည်ရဲ့အချိန်သိချင်ရင် |
|
တင်ခဲ့ပြီးသမျှ |
|
Archives |
|
ကျွန်တော်ချစ်ခင်လေးစားရပါသော ဘလော့်ဂါများ |
|
သတင်းစကားပါးကြစို့ |
|
အလည်အပတ်လာရောက်ကြသူများ |
|
ပဉ္စမမြောက်မျိုးဆက်၏ သဘောထား |
နစ်နေမန်း၊ မျိုးချစ်မြန်မာ၊ ကိုထိုက်၊ ဆုံဆည်းရာနှင့်တကွ အားလုံးသောရွှေဝါရောင်တော်လှန်ရေးရဲဘော်ဘလော့ဂ်များအား နအဖမှ ဘန်းလိုက်ခြင်းကို အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။ စစ်အဆိုးရ ကျဆုံးရမည်။ အရေးတော်ပုံအောင်ရမည်။ ဓမ္မရန်သူ ဤကမ္ဘာမြေမှ ပျောက်ကွယ်ရမည်။ |
လာလည်သူပေါင်း |
 |
လာရောက်အားပေးနေသူ |
|
ဆက်သွယ်ရန် |
|
|
|