သံဃံ သရဏံ ဂစ္ဆာမိ
ငါးရောင်ခြယ်
သံဃံပူဇေမိပါဘုရား။
UN ကို email ရေးပို့ ပေးကြဖို့  အထူး မေတ္တာရပ်ခံပါတယ်။
သူငယ်ချင်းရေ ကိုယ်တို့ချစ်တဲ့ရွှေနိုင်ငံတော်ကြီးမှာ သံဃာတွေ၊ ပြည်သူတွေ၊ ကျောင်းသားတွေ အသက်၊ သွေး၊ ချွေးတွေနဲ့ ရင်းပြီး ရွှေဝါရောင်တော်လှန်ရေးကြီးကို ဆင်နွှဲနေကြပါပြီ။ သူငယ်ချင်းလည်း ရွှေဝါရောင်တော်လှန်ရေးကြီးမှာ တစ်တပ်တစ်အားပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ပါရစေ။
ကမ္ဘာမကြေဘူး
မြန်မာစာဖောင့်များဒီမှာရယူပါ။
  • ဇော်ဂျီ၁ (Zawgyi1) ဖောင့်
  • ဇော်ဂျီဝမ်း (Zawgyi-One)ဖောင့်
  • ဇော်ဂျီလက်ကွက် (Zawgyi-One)ဖောင့်
  • ဇော်ဂျီအင်စတော်လာ(Zawgyi-One)ဖောင့်
  • We Want 3Fs
    We want 3Fs. 3Fs we want. We want freedom. We want freedom for our future. We want friendship. We want friendship between our army and our people. We want food. We want food to live peacefully. အောင်ဝေး (မြန်မာ)
    ဓမ္မတိုက်ပွဲမှ အောင်စည်သံများ
    သပိတ် သပိတ် မှောက် မှောက်။ စစ်အဆိုးရ အလိုမရှိ အလိုမရှိ။ ပြည်သူ့အာဏာ ချက်ချင်းပေး ချက်ချင်းပေး။ ကျောင်းသားပြည်သူ လက်တွဲကူ သံဃာတွေရဲ့ ဓမ္မတိုက်ပွဲ။


    နောက်ဆုံးရမြန်မာသတင်းများဖြစ်ပါတယ်။
    Tuesday, September 25, 2007
    25 Sep 07, 23:36
    မန္တလေးမှာလည်း မာရှယ်လောထုတ်ပါတယ်။ ည ၉နာရီကနေ မနက် ၅နာရီအထိ ညမထွက်ရ မာရှယ်လော ထုတ်လိုက်ပြီ။ ရပ်ကွက်ထဲမှာ အော်နေတာလို့ ပြောပါတယ်။ ဘုန်းကြီးကျောင်းတွေများတဲ့ ၈၄လမ်းအောက်ဖက်ခြမ်းကို အဓိကထားပြီး စစ်တပ်တွေ နေရာတကာချထားတယ်လို့ ပြောပါတယ်။ ညဦးပိုင်းကတည်းက နေရာအနှံ့လိုက်ဖြန့်ထားပါတယ်။

    25 Sep 07, 23:20
    ရန်ကုန်မှာ မာရှယ်လော ကြေညာနေပါတယ်။ ည ကိုးနာရီမှ နံနက် ငါးနာရီခွဲ ရက်ပေါင်း 60 လို့ ။ ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူးမှ 8း45 တွင် လက်မှတ်ရေးထိုးသည်ဟု ပါရှိသည်။

    25 Sep 07, 22:39
    မိုးကုတ်မြို့မှာရှိနေတဲ့ ဈေးဆိုင်တွေ တော်တော်များများမှာ စာတန်းတွေလာကပ်သွားတယ်လို့။ သံဃာတော်တွေကို ၀ိနည်းတော်နဲ့ အညီနေရမယ် ပြီးတော့ အဲ့လိုမှ မဟုတ်ရင် တည်ဆဲ ဥပဒေအရ အရေးယူမယ်ဆိုတာရယ် စစ်ကားတွေရော၊ ရဲကားတွေပါ မြို့ထဲမှာ ခြေရှုပ်နေတယ်ဆိုတာ သိရပါတယ်။

    25 Sep 07, 21:03
    နအဖမှ ဘလော့များ၊ ၀က်ဆိုဒ်များ ပိတ်ခြင်းအား သက်ဆိုင်ရာ နိုင်ငံတကာဌာနများတစ်ဆင့် တရာဝင်အရေးယူရန် စတင်လုပ်ဆောင်နေပါပြီ။ မှတ်တမ်းဓါတ်ပုံအထောက်အထားများ စုဆောင်းပြီး ပေးပို့ စေလိုပါတယ်။

    25 Sep 07, 20:32
    ပြည်တွင်းတွင် ဘလော့များ ပိတ်ခြင်းကြောင့် ခောတ်စားလာသော စကားမှာ - မီဒီယာကို မီဒီယာနဲ့ မတိုက်နိုင်တော့ပါလား။ ဒီမှာ ခောတ်စားတဲ့ စကားလုံးက "တော်စမ်းပါ ကျော်ဆန်းရာတဲ့။"

    25 Sep 07, 20:04
    ပြည်တွင်းမှ နစ်နေမန်းဘလော့အား နှင့် ပိတ်ထားသောအခြားဘလော့များ ၀က်ဆိုဒ်များအား တစ်ဆင့်ခံပြီး ၀င်ကြည့်နိုင်ရန် proxy sites လိပ်စာများ တင်ထားပေးပါတယ်။

    25 Sep 07, 19:29
    ကုလသမဂ္ဂကနေ မကြာခင်မှာ မြန်မာပြည်ရေးရာကို live ပြောတော့မယ်လို့  သိရပါတယ်။

    25 Sep 07, 19:13
    ဆုံစည်းရာနှင့် နစ်နေမန်း၏ Blog အားနအဖက ban ထာဒငြခးအား ပုံနှင့်တကွ ဒီ http://www.niknayman.blogspot.com မှာ တင်ထားပါတယ်။

    25 Sep 07, 18:41
    website တော်တော်များနှင့် internetconnection များကို ပိတ်မည်ဟု သတင်းများထွက်ပေါ်နေပါသဖြင့် ပြည်ပနှင့် သတင်းဖြတ်တောက်ကာ သတင်ူအမှောင်ချပြီး ပြည်သူလူထုလှုပ်ရှားမှုများအား ဖြိုခွင်းရန် လုပ်လာနှိင်ပါသည်။ ဒီအတွက် အထူးသတိထားရန်နှင့် မိမိတို့ အနေဖြင့် စနစ်တကျ စည်းလုံးလုပ်ဆောင်ရန်ဖြစ်ပါသည်။ မိမိတို့ အနေဖြင့် ရသည့်နည်းလမ်းများဖြင့် ကြိုးစားကာ လူထုလှုပ်ရှားမှုကြီးသတင်းအား နိုင်ငံတကာသံရုံးနှင့် အဖွဲ့ အစည်းများမှတစ်ဆင့် သွားရောက်ပို့ ပေးရန် အစရှိသည့် နည်းလမ်းများ သုံးပြီး ပြည်တွင်းဖြစ်ပျက်မှုသတင်းအား အမြန်ဖေါ်ထုတ်ပေးစေလိုပါသည်။

    25 Sep 07, 18:17
    ယခုလို နအဖအနေဖြင့် သတင်းနှင့် မီဒီယာ လွတ်လပ်ခွင့်၊ ပြည်သူများမှ လွတ်လပ်စွာ ရေးသားဖေါ်ပြခွင့်တို့ အား တားဆီးပိတ်ပင်ခြင်းသည် အခြေခံလူ့ အခွင့်အရေးအား အလွန်အကျူးဖေါက်ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်း ပြင်းထန်စွာရှုတ်ချလိုက်သည်။

    25 Sep 07, 18:09
    ပြည်တွင်းမှ ကြည့်ရှုခွင့် မရရန် နအဖမှ နစ်နေမန်းဘလော့နှင့် ဆုံစည်းရာ ဘလော့တို့ အား ban လိုက်ပါကြောင်း။

    25 Sep 07, 17:18
    ပြည်တွင်းတွင် နအဖမှ အင်တာနက်အား ဖြတ်တောက်လာပါက မိမိတို့  ဖုန်းများ ကင်မရာများဖြင့် မှတ်တမ်းတင်ပြီး၊ ဖုန်း message ဖြင့် ပြည်ပရောက်နေသော နီးစပ်ရာမိတ်ဆွေများထံ ပို့ ပေးပါရန် ကြိုတင် အသိအပ်ပါသည်။

    ကိုနစ်ခ်နေမန်း၏စီဘောက်စ်မှကူးယူဖော်ပြါပါသည်။
    posted by ပဉ္စမမြောက်မျိုးဆက် @ 10:51 AM  
    ကျွန်တော့်အကြောင်း

    Name: ပဉ္စမမြောက်မျိုးဆက်
    Home: ခွပ်ဒေါင်းမြေ, သခင်နိုင်ငံတော်
    About Me: ကျွန်တော် ခွပ်ဒေါင်းတစ်ကောင်ပါ။ ခေတ်အဆက်ဆက် ဖိနှိပ်မှုတွေကို ရှေ့ဆုံးကနေမာန်ဟုန်အပြည့်နဲ့တွန်းလှန်ခဲ့ကြတဲ့ ခွပ်ဒေါင်းမျိုးဆက်တွေရဲ့ ပဉ္စမမြောက်မျိုးဆက်ပါ။ အာဏာရှင်တွေ အာဏာသုံးပြီး ဖိနှိပ်နေသမျှ ကာလပတ်လုံး လက်မမြှောက် ဒူးမထောက် အညံ့မခံပဲ တွန်းလှန်သွားမယ်လို့ ကတိသစ္စာပြုပါတယ်။
    See my complete profile
    သတ်ဖြတ်မှုတွေချက်ချင်းရပ်
    Let's Sign the Petition
    Free Burma! Petition Widget

    Name: (required)

    Email:

    Web:

    Country:
    မြန်မာပြည်ရဲ့အချိန်သိချင်ရင်
    တင်ခဲ့ပြီးသမျှ
    Archives
    ကျွန်တော်ချစ်ခင်လေးစားရပါသော ဘလော့်ဂါများ

    သတင်းစကားပါးကြစို့

    အလည်အပတ်လာရောက်ကြသူများ
       
    ပဉ္စမမြောက်မျိုးဆက်၏ သဘောထား
    နစ်နေမန်း၊ မျိုးချစ်မြန်မာ၊ ကိုထိုက်၊ ဆုံဆည်းရာနှင့်တကွ အားလုံးသောရွှေဝါရောင်တော်လှန်ရေးရဲဘော်ဘလော့ဂ်များအား နအဖမှ ဘန်းလိုက်ခြင်းကို အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။ စစ်အဆိုးရ ကျဆုံးရမည်။ အရေးတော်ပုံအောင်ရမည်။ ဓမ္မရန်သူ ဤကမ္ဘာမြေမှ ပျောက်ကွယ်ရမည်။
    လာလည်သူပေါင်း
    Visitor Counter by Digits
    လာရောက်အားပေးနေသူ
    ဆက်သွယ်ရန်
    © 2006 5th Generation .Template by Isnaini Dot Com