|
သတင်းမီဒီယာသမားများသို့လက်ဆင့်ကမ်းပေးကြပါရန်။ |
Monday, September 24, 2007 |
သတင်းမီဒီယာသမားများခင်ဗျာ - ပြည်တွင်းမှပေးပို့သော သတင်းဖြစ်ပါတသည်။
"သင်္ဃန်းကျွန်းမြို့နယ်၊ဇ၀နရပ်ကွက်နေ ဦးကံကြီး၊ဒေါ်ခင်သင်းကြူမိသားစုသည် ၂၃၊၂၄.၉.၀၇ ရက်များတွင် ဘုန်းဘုန်းတို့ဆန္ဒပြရာ လမ်းကြောင်းတစ်လျှောက်တွင် ကားဖြင့် ဆေးဝါးအကူအညီပေးသည့်အပြင် ဒေါ်ခင်သင်းကြူနှင့်သားသမီးများ ကိုယ်တိုင်လည်း လမ်းလျှောက်ဆန္ဒပြပွဲတွင်ပါဝင်ခဲ့ကြပါသည်။ ယနေ့မနက် ၈နာရီခွဲ၊၉နာရီလောက်တွင် ရဲမှူးတင်ထွန်းနှင့် ကြံ့ခိုင်ရေးအဖွဲ့သည် ခြံရှေ၊လမ်းထိပ် နှင့် အိမ်ပတ်လည်တွင် ၀ိုင်းထားခဲ့ကြပါသည်။ ထို့နောက် ကားသည်နာမည်ပေါက်မဟုတ်ဟု အကြောင်းပြကာ ၅၁လမ်းရုံးသို့ ဦးကံကြီးအားခေါ်ဆောင်သွားမည်ဟု ပြောပါသည်။ ဒေါ်ခင်သင်းကြူနှင့် သမီးတစ်ယောက်မှာ အဖော်အဖြစ်လိုက်ပါသွားပါသည်။ ၅၁လမ်းရုံးသို့ခေါ်သွားမည်ဟု ပြောသော်လည်း အမှန်တကယ်တော့ ကျိုက္ကဆံစစ်ကြောရေးသို့ ခေါ်ဆောင်သွားကြောင်း နောက်မှလိုက်ကြည့်သောကြောင့်သိရပါသည်။ ခေါ်ဆောင်သွားသော ရဲမှုးတင်ထွန်း၏ဖုန်းနံပါတ်မှာ...549463ဖြစ်ပါသည်။ |
posted by ပဉ္စမမြောက်မျိုးဆက် @ 11:16 PM |
|
|
|
ကျွန်တော့်အကြောင်း |
Name: ပဉ္စမမြောက်မျိုးဆက်
Home: ခွပ်ဒေါင်းမြေ, သခင်နိုင်ငံတော်
About Me: ကျွန်တော် ခွပ်ဒေါင်းတစ်ကောင်ပါ။
ခေတ်အဆက်ဆက် ဖိနှိပ်မှုတွေကို ရှေ့ဆုံးကနေမာန်ဟုန်အပြည့်နဲ့တွန်းလှန်ခဲ့ကြတဲ့ ခွပ်ဒေါင်းမျိုးဆက်တွေရဲ့ ပဉ္စမမြောက်မျိုးဆက်ပါ။ အာဏာရှင်တွေ အာဏာသုံးပြီး ဖိနှိပ်နေသမျှ ကာလပတ်လုံး လက်မမြှောက် ဒူးမထောက် အညံ့မခံပဲ တွန်းလှန်သွားမယ်လို့ ကတိသစ္စာပြုပါတယ်။
See my complete profile
|
သတ်ဖြတ်မှုတွေချက်ချင်းရပ် |
|
Let's Sign the Petition |
|
မြန်မာပြည်ရဲ့အချိန်သိချင်ရင် |
|
တင်ခဲ့ပြီးသမျှ |
|
Archives |
|
ကျွန်တော်ချစ်ခင်လေးစားရပါသော ဘလော့်ဂါများ |
|
သတင်းစကားပါးကြစို့ |
|
အလည်အပတ်လာရောက်ကြသူများ |
|
ပဉ္စမမြောက်မျိုးဆက်၏ သဘောထား |
နစ်နေမန်း၊ မျိုးချစ်မြန်မာ၊ ကိုထိုက်၊ ဆုံဆည်းရာနှင့်တကွ အားလုံးသောရွှေဝါရောင်တော်လှန်ရေးရဲဘော်ဘလော့ဂ်များအား နအဖမှ ဘန်းလိုက်ခြင်းကို အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။ စစ်အဆိုးရ ကျဆုံးရမည်။ အရေးတော်ပုံအောင်ရမည်။ ဓမ္မရန်သူ ဤကမ္ဘာမြေမှ ပျောက်ကွယ်ရမည်။ |
လာလည်သူပေါင်း |
|
လာရောက်အားပေးနေသူ |
|
ဆက်သွယ်ရန် |
|
|
|