|
|
Monday, September 29, 2008 |

ဗကသ တနှစ်ပြည့် ထောင်ထဲက ကဗျာ စက်တင်ဘာ ၂၇၊ ၂၀၀၈
အိုသူငယ်ချင်း … မင်းကလည်း တနေရာမှာ ငါကလည်း တနေရာမှာ
ဒါပေမယ့် . . . ငါတို့တွေ အချုပ်အနှောင်ထဲမှာပဲ။ မင်းဘယ်မှာ ငါသိစရာ မလိုသလို ငါဘယ်မှာ မင်းသိစရာ မလိုဘူး ဒါပေမယ့် . . . ငါ့အတွက် မင်းဂုဏ်ယူလိုက်ပါ။
အို . . . သူငယ်ချင်း ငါတို့တွေ ငါတို့တွေ ကျောင်းပရဝဏ်မှာ ပန်းရနံဝေဖို့ ကြိုးစားသလို တိုင်းပြည်မှာ စစ်ရမ္မက် ချွေဖို့ ကြိုးစားကြတယ်၊ ငါတို့ရဲ့ အစဉ်အလာ ငါတို့ရဲ့ သမိုင်း ငါတို့ရဲ့ စိတ်တံတိုင်းဟာ မခါးတမာ ပျားသကာသို့ ချိုမြစေရာ ခိုင်မာစွာဖြင့်။
အို . . . သူငယ်ချင်း ရင်မှ ဝေဒနာ ပြည်သူ့ ဗျာပါ အေးမြစေရာ ဒီဝန်တာဟာ ခေတ်သစ် တမန် ဒေါင်းအလံ၏ နောက်လိုက်ဗိုလ်ပါ ကျောင်းသားတွေသာ တို့တာဝန်ဟု ပြောလိုက်ပါရစေ
အို . . . သူငယ်ချင်း။
အို . . . သူငယ်ချင်း ဟိုး အတိတ်ဆီက ငါ့ထံသို့လာ အရိပ်ပမာ စိတ်ဝေဒနာ ဟာ လ စက်တင်ဘာ လမ်းမထက် အလယ်မှာ ပြည်သူ့ ရတနာ မြတ်ထေရ် သံဃာ သွေး စံပယ်ကာ မြေသို့ ခရှာ ပြည်သူ့ရင်သွေး ကျောင်းသားတွေလည်း ကျောင်းနံရံ တဝိုက် ဒေါင်းအလံ စိုက်ဖို့ရာအတွက် ကြိုးစားရင်း ဘဝပါဆုံးခဲ့ရတာ မေ့မရနိုင်ပါ
အို . . . သူငယ်ချင်းးရာ။ ။
သူငယ်ချင်း (သာသနဝံသ)
(Ref: http://moemaka.com/index.php?option=com_content&task=blogsection&id=3&Itemid=42) |
posted by ပဉ္စမမြောက်မျိုးဆက် @ 5:13 AM  |
|
|
|
ကျွန်တော့်အကြောင်း |

Name: ပဉ္စမမြောက်မျိုးဆက်
Home: ခွပ်ဒေါင်းမြေ, သခင်နိုင်ငံတော်
About Me: ကျွန်တော် ခွပ်ဒေါင်းတစ်ကောင်ပါ။
ခေတ်အဆက်ဆက် ဖိနှိပ်မှုတွေကို ရှေ့ဆုံးကနေမာန်ဟုန်အပြည့်နဲ့တွန်းလှန်ခဲ့ကြတဲ့ ခွပ်ဒေါင်းမျိုးဆက်တွေရဲ့ ပဉ္စမမြောက်မျိုးဆက်ပါ။ အာဏာရှင်တွေ အာဏာသုံးပြီး ဖိနှိပ်နေသမျှ ကာလပတ်လုံး လက်မမြှောက် ဒူးမထောက် အညံ့မခံပဲ တွန်းလှန်သွားမယ်လို့ ကတိသစ္စာပြုပါတယ်။
See my complete profile
|
သတ်ဖြတ်မှုတွေချက်ချင်းရပ် |
 |
Let's Sign the Petition |
|
မြန်မာပြည်ရဲ့အချိန်သိချင်ရင် |
|
တင်ခဲ့ပြီးသမျှ |
|
Archives |
|
ကျွန်တော်ချစ်ခင်လေးစားရပါသော ဘလော့်ဂါများ |
|
သတင်းစကားပါးကြစို့ |
|
အလည်အပတ်လာရောက်ကြသူများ |
|
ပဉ္စမမြောက်မျိုးဆက်၏ သဘောထား |
နစ်နေမန်း၊ မျိုးချစ်မြန်မာ၊ ကိုထိုက်၊ ဆုံဆည်းရာနှင့်တကွ အားလုံးသောရွှေဝါရောင်တော်လှန်ရေးရဲဘော်ဘလော့ဂ်များအား နအဖမှ ဘန်းလိုက်ခြင်းကို အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။ စစ်အဆိုးရ ကျဆုံးရမည်။ အရေးတော်ပုံအောင်ရမည်။ ဓမ္မရန်သူ ဤကမ္ဘာမြေမှ ပျောက်ကွယ်ရမည်။ |
လာလည်သူပေါင်း |
 |
လာရောက်အားပေးနေသူ |
|
ဆက်သွယ်ရန် |
|
|
|