သံဃံ သရဏံ ဂစ္ဆာမိ
ငါးရောင်ခြယ်
သံဃံပူဇေမိပါဘုရား။
UN ကို email ရေးပို့ ပေးကြဖို့  အထူး မေတ္တာရပ်ခံပါတယ်။
သူငယ်ချင်းရေ ကိုယ်တို့ချစ်တဲ့ရွှေနိုင်ငံတော်ကြီးမှာ သံဃာတွေ၊ ပြည်သူတွေ၊ ကျောင်းသားတွေ အသက်၊ သွေး၊ ချွေးတွေနဲ့ ရင်းပြီး ရွှေဝါရောင်တော်လှန်ရေးကြီးကို ဆင်နွှဲနေကြပါပြီ။ သူငယ်ချင်းလည်း ရွှေဝါရောင်တော်လှန်ရေးကြီးမှာ တစ်တပ်တစ်အားပါဝင်ဆင်နွှဲဖို့ ဖိတ်ခေါ်ပါရစေ။
ကမ္ဘာမကြေဘူး
မြန်မာစာဖောင့်များဒီမှာရယူပါ။
  • ဇော်ဂျီ၁ (Zawgyi1) ဖောင့်
  • ဇော်ဂျီဝမ်း (Zawgyi-One)ဖောင့်
  • ဇော်ဂျီလက်ကွက် (Zawgyi-One)ဖောင့်
  • ဇော်ဂျီအင်စတော်လာ(Zawgyi-One)ဖောင့်
  • We Want 3Fs
    We want 3Fs. 3Fs we want. We want freedom. We want freedom for our future. We want friendship. We want friendship between our army and our people. We want food. We want food to live peacefully. အောင်ဝေး (မြန်မာ)
    ဓမ္မတိုက်ပွဲမှ အောင်စည်သံများ
    သပိတ် သပိတ် မှောက် မှောက်။ စစ်အဆိုးရ အလိုမရှိ အလိုမရှိ။ ပြည်သူ့အာဏာ ချက်ချင်းပေး ချက်ချင်းပေး။ ကျောင်းသားပြည်သူ လက်တွဲကူ သံဃာတွေရဲ့ ဓမ္မတိုက်ပွဲ။
    ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဆီစာရေးကြမယ်
    Saturday, September 22, 2007
    ဂျင်ကာရေးပြောတာနားထောင်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့်တကွ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းအသီးသီးသို့ မြန်မာနိုင်ငံနှင့်ပတ်သက်၍ အွန်လိုင်းပေါ်မှ တဆင့်စာပေးနိုင်ရန် ဒီမှာ နှိပ်ပါ။
    အကယ်၍ မိမိ၏ email မှတစ်ဆင့် ရေးသားလိုပါက UN အလံကို နှိပ်နိုင်ပါသည်။ လိုအပ်ပါက အောက်ပါစာသားများကိုကူးယူနိုင်ပါသည်။
    The Secretary-General of United Nations
    His Excellency Ban Ki-Moon
    Secretary-General of the United Nations
    New York, New York 10017
    Dear Secretary General,
    I am writing to express my deepest concern over the recent protest and demonstration in Myanmar which lead by monks due to arrests, physical assaults, harsh treatment and unfair sentences by Junta towards the so-called peace-walkers who took on the streets to express their concern peacefully over the socio-economic situation in the country. As of date, more than 200 people are arrested and no one knows whereabouts of them despite affords made by the International Community.
    Government-organised gangs, referred to as Swan-arshin, and members of the quasi-official Union Solidarity and Development Association (USDA) have broken up most of the protests and detained participants during the course of August 2007, under the guidance of local council officials, special branch police and army officials who are wearing plain clothes. They are not simply "pro-government" gangs as widely reported.
    According to one news report, these para-militia are being coordinated by a Myanmar Armed Forces officer, Colonel Than Han, together with USDA secretary, U Aung Thaung. Col. Than Han is also said to have been involved in the lethal May 2003 attack on a convoy carrying democracy leader Daw Aung San Suu Kyi and her supporters at Depayin in upper Myanmar.
    Protests are now continued and spread across the country since 18 September 2007. As the protests and unrest accelerates, according to the sources inside, Junta is planning to use the Arm forces in near future to crackdown Monks and peaceful walkers.
    At this critical time the active involvement of the international community is absolutely vital. We, People of Myanmar, are looking for and depending upon support from United Nations in order to prevent the bloodshed and slaughter of innocence by Junta in the Golden Land, Myanmar (Burma).
    I therefore call upon you and all concerned agencies and mandates within the United Nations system to take special responsibility to oversee that Myanmar issue obtain the highest attention and priority in the days and weeks ahead.
    Your swift intervention is crucial. I await it with the highest expectations.
    Yours sincerely,
    posted by ပဉ္စမမြောက်မျိုးဆက် @ 10:13 PM  
    သပိတ် သပိတ် မှောက် မှောက်။ အရေးတော်ပုံ အောင်ရမည်။
    မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီး ထုတ်ပြန်ကြေငြာချက်
    posted by ပဉ္စမမြောက်မျိုးဆက် @ 9:27 PM  
    ငါးရောင်ခြယ်
    မောင်လွမ်းဏီ၏ကဗျာအား မခင်မင်းဇော်နှင့် ကျောင်းသားတပ်မတော်ရဲ့ ဆုံဆည်းရာဘလော့ဂ်များမှ မျှဝေခံစားပါသည်။
    posted by ပဉ္စမမြောက်မျိုးဆက် @ 9:07 PM  
    ကိုနေမိုး၏ တိုက်တွန်းနှိုးဆော်ချက်
    ဒီအချိန်ဟာ မြန်မာနိုင်ငံရဲ့ သမိုင်းပြောင်းလဲမှုမှာ သိပ်အရေးကြီးနေတဲ့ အချိန်ကို ရောက်နေပါပြီ။ မြန်မာပြည်သူလူထုအနေနဲ့ အချိန်ကို မျောပြီးလိုက်နေလို့တော့ မဖြစ်တော့ဘူး။ ဒီလိုအချိန်အခါကိုရောက်လာဖို့ စစ်အာဏာရှင်တွေရဲ့ အနိုင်ကျင့်နှိပ်စက် အုပ်ချုပ်မှုလက်အောက်မှာ ၁၉တိုင်အောင် ရင်းခဲ့ရပြီးပြီ။
    ဒီစစ်အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်ဖို့ ကြိုးပမ်းခဲ့တဲ့လူတွေဟာ ၁၉၈၈ ကျောင်းသားရဟန်းပြည်သူ အားလုံးပါဝင်တဲ့ လူထုအုံကြွမှုတွေကနေ ပြန်ကြည့်မယ်ဆိုရင် သေတဲ့သူတွေ သေခဲ့ကြပြီးပြီ။ ဘ၀တွေပျက်လို့ ဒုက္ခိတဘ၀နဲ့ လူညွန့်တုံးတဲ့သူတွေ တုံးကုန်ကြပြီးပြီ။ အကျဉ်းထောင်တွေထဲမှာ ကိုယ့်ပြည်သူလူထု ကောင်းစားရေးအတွက် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခံပြီးတော့ ကိုယ်ကျိုးစွန့် ရင်းနှီးနေတဲ့ အမျိုးသမီးကောင်းတွေ အမျိုးသားကောင်းတွေ လူငယ်တွေ နဲ့ သက်ကြီးရွယ်အိုလူကြီးတွေ ခေါင်းငုံ့မခံ အနိုင်မခံ အရှုံးမပေး ဒီနေ့ထိတိုင်အောင် ပေးဆပ်နေကြဆဲရှိနေသေးတယ်။ တောထဲတောင်ထဲ နယ်စပ်ဒေသတွေမှာ ကြုံရာနေရာကနေ ဒုက္ခအမျိုးမျိုးကို ရင်ဆိုင်ပြီး စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ကိုယ်တတ်နိုင်ရာကနေ လက်နက်ကိုင်လို့ပဲဖြစ်ဖြစ် ကလောင်ကိုင်လို့ပဲဖြစ်ဖြစ် နိုင်ငံရေးလုပ်ဆောင်မှုအရပဲဖြစ်ဖြစ် ကြိုးစားချီတက်နေကြတဲ့ ကိုယ်နိုင်ငံ ကိုယ်ပြည်သူလူထုကို လေးစားချစ်ခင်လှတဲ့ အမျိုးချစ် နိုင်ငံချစ်ပုဂ္ဂိုလ်တွေကလည်း အများကြီးပါပဲ။ ဒီလိုလူတွေအားလုံးဟာ နောက်နောင်မှာလည်း မျိုးဆက်စီးဆင်းမှုမပျက် ဆက်လက်ပြီးရှိနေဦးမှာပဲ။ ဒီလိုရင်းနှီးပေးဆပ်မှုတွေက ၁၉၆၂ ဦးနေ၀င်းခေါင်းဆောင်တဲ့ စစ်ခေါင်းဆောင်တွေ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို မတရားသိမ်းယူခဲ့ရာကနေ အခုလက်ရှိ စစ်ဗိုလ်ချုပ်တွေ လက်ထက်အထိပဲ။
    ဒါကို မြန်မာပြည်သူ ပြည်သားတွေ ကောင်းကောင်းကြီး သဘောပေါက်နေပြီးသားပါ။ တိုင်းပြည်နဲ့ လူထုတရပ်လုံးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တဲ့ လူတွေရဲ့ တန်ဖိုးကို အပြည့်အ၀ ထောက်ခံလေးစား ရပါမယ်။ ကိုယ်ကျိုးစွန့် ရင်းနှီးပေးဆယ်မှုဆိုတာ မြန်မာနိုင်ငံသား အားလုံးအတွက်ပဲ။ တဦးတယောက်ကောင်း လူတစု ကောင်းစားရေးအတွက် မဟုတ်ဘူး။ တန်ဖိုးမြင့်မြတ်သူတွေရဲ့ သစ္စာကို လူတိုင်း လူတိုင်းက အသိအမှတ်ပြုရပါမယ်။ ဒီတခါတော့ တိုင်းပြည်နဲ့ ပြည်သူလူထုအတွက် ကိုယ်ကိုယ်တိုင်ပါဝင်မှု လိုအပ်နေပါပြီ။ ကိုယ်နေထိုင်တဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုပဲ ပြန်ကြည့်ပါဦး။ စားဝတ်နေရေးမပြေလည်မှုတွေ၊ ကုန်ဈေးနှုံးကြီးမြင့်လာမှုတွေ၊ ၀င်ငွေအတွက် လစာနည်းပါးမှုတွေ အလုပ်အကိုင်ရှားပါးနေတာတွေ၊ ရောဂါထူပြောပြီး ဆေးဝါးကုသနိုင်ဖို့ ဆေးဖိုးမတတ်နိုင်မှုတွေ၊ ကိုယ့်သားသမီး လူငယ်တွေ ပညာရေးအဆင့်အတန်းနိမ့်ကျပြီး လူရာမ၀င်ဖြစ်ရတာတွေ၊ နိုင်ငံတွင်းနေထိုင်မှု အဆင့်အတန်းနိမ့်ပြီး သွားရေးလာရေး နေရေးထိုင်ရေးတွေမှာ အောက်ကျနောက်ကျဖြစ်ရတာတွေ၊ နေရာတကာ စစ်ဗိုလ်အသိုင်းအ၀ိုင်းကပဲ လက်ဝါးကြီးအုပ်ချယ်လှယ်နေတာတွေ သိသာထင်ရှားလှတဲ့ အချက်တွေ အများကြီးပါ။ ဒါမျိုးတွေ ကိုယ်တိုင်ခံစားပြီး ဖြတ်သန်းလာခဲ့တာ အချိန်တွေ ကုန်ခဲ့ပါပြီ အသက်တွေကြီးခဲ့ပါပြီ ၁၉နှစ်တိုင်အောင် ကြာခဲ့ပြီးပါပြီ။
    ဒီနေ့ စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်နိုင်ဖို့ အခွင့်အရေးကောင်းကြီးတခုပေါ်နေပါပြီ။ အခုလက်ရှိ သံဃာတော်တွေ အင်တိုက်အားတိုက် တိုင်းပြည်အတွက် စစ်အစိုးရကို သပိတ်မှောက် ဆန့်ကျင်နေပါပြီ။ ပြီးခဲ့တဲ့လကပဲ ၈၈မျိုးဆက်ကျောင်းသားတွေ၊ ကုန်ဈေးနှုံးကြီးမြင့်မှု အလိုမရှိတဲ့ ပြည်သူတွေ စုပေါင်းပြီးတော့ ဆန့်ကျင်လမ်းလျှောက်ပွဲတွေ ပြုလုပ်ခဲ့ပြီးပြီ။ အဲဒီအချိန်က အရှိန်အဟုန်တွေကို သံဃာတော် အရှင်သူမြတ်တွေက ဒီကနေ့ ထပ်ဆင့်မြှင့်တင်လိုက်ပါပြီ။ ဒါဟာ ကျနော်တို့နိုင်ငံအတွက် အမှန်တကယ် ရိုးသားသန့်ရှင်းတဲ့ ဒီမိုကရေစီစနစ်ကို တည်ထောင်ဖို့ သိပ်အရေးကြီးလှတဲ့ နောက်ဆုံးတိုက်ပွဲတခုဖြစ်နေပါပြီ။
    ပြည်သူလူထု ဒကာဒကာမတွေ အကျိုးအတွက် ဆောင်ရွက်နေကြတဲ့ သံဃာတော်တွေနဲ့ လက်တွဲချိတ်ဆက်ပြီး ဒီတချီတိုက်ပွဲကို ရဟန်းရှင်လူ ပြည်သူလူထုအားလုံး အတူလက်တွဲပြီး စည်းစည်းလုံးလုံး မလုပ်နိုင်ကြဘူးဆိုရင်တော့ ကျနော်တို့နိုင်ငံဟာ ရှေ့ဆက်မတွေးရဲစရာပါပဲ။ ဒီတခါတော့ နောင်ရိုးတိုက်ပွဲလို အပြီးသတ် ဖောင်ဖျက်ရတော့မယ့် အချိန်ပါပဲ။ နောက်တွန့်ငဲ့ကွက်နေစရာ အကြောင်း ဘာတခုမှ မရှိသင့်တော့ဘူး။ ရာဇ၀င်မှာ မြန်မာပြည်သူလူထုဟာ အချိန်ကျရင် သွေးနီခဲ့ပါတယ်။ ရာဇ၀င်မရိုင်း ခဲ့ပါဘူး။ သမိုင်းကို နှလုံးသွေးတွေနဲ့ ရေးခဲ့ကြပါတယ်။ ခေတ်အဆက်ဆက်က ရာဇ၀င်ကို ဒီတခါလည်း တောက်ပြောင်အောင် သမိုင်းဝင် ကမ္ဗည်းထိုး မော်ကွန်းတင်ရဦးမှာပဲလို့ အားကိုးပါရစေ မြန်မာပြည်သူ ပြည်သားအပေါင်းတို့။
    နေမိုး
    မြန်မာ့မီဒီယာ၊ပညာရေးနှင့်ဖွံဖြိုးမှုစောင့်ကြည့်လေ့လာရေး မှ ပြန်လည်ကူးယူတင်ပြသည်။
    posted by ပဉ္စမမြောက်မျိုးဆက် @ 12:03 PM  
    မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး၏ ပြည်သူလူထုသို့ တိုက်တွန်းနှိုးဆော်လွှာ
    “လွတ်လပ်ပြီး တရားမျှတမှုအပြည့်အ၀ရှိတဲ့ စစ်မှန်သော ဒီမိုကရေစီစနစ်ကို စည်းကမ်းရှိမှု ရင့်ကျက်မှုတို့ဖြင့် အရှိန်အဟုန်မြင့်ပြီး တောင်းဆိုရန်အတွက် ကျောင်းသားနှင့် ပြည်သူလူထုများ၊ အလုပ်သမား-လယ်သမားလူတန်းစားအသီးသီး၊ အမှုထမ်းအရာထမ်းအားလုံးနှင့် ပြည်သူ့တပ်မတော်သားများ၊ လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးအပါအ၀င် ပြည်သူ့အကျိုးပြုဝန်ထမ်းအားလုံးကလည်း ပါဝင်ဆောင်ရွက်နိုင်ဖို့ရန် အထူးအရေးကြီးသောအချိန်အခါဖြစ်၍ လာမည့် (၂၄.၉.၀၇)နေ့လည် (၁)နာရီမှစတင်ကာ သံဃာတော်များနှင့်အတူလက်တွဲပြီး ကိုယ့်အခွင့်ရေးကို ကိုယ်ကိုယ်တိုင် စည်းကမ်းရှိစွာ စနစ်တကျ အကြမ်းမဖက်နည်းလမ်းဖြင့် အရှိန်အဟုန်မြှင့် တောင်းဆိုကြပါရန် တိုက်တွန်းနှိုးဆော်”
    posted by ပဉ္စမမြောက်မျိုးဆက် @ 10:40 AM  
    ၈ လပိုင်းမှာ
    ၈ လပိုင်းမှာ
    သူ့တယောက်ထဲကိုပဲ မွေးထားတဲ့ မိဘတွေအတွက်
    သတင်းစာထဲမှာ မိသားစု တရားဟောလို့
    ဒီလမ်း ဒီမြေ ဒီရေပေါ်မှာ...
    အနီရောင် မပြယ်သေးတဲ့ ရောင်နီတွေ ကျန်သေးတယ်
    ဒီခု ဒီနှစ် ဒီသက္ကရာဇ်တွေမှာ
    ပေတရာမကတဲ့ ခြေရာတွေ ကျန်သေးတယ်
    ဒို့အရေး
    နေပူကြဲကြဲ အလံသဲသဲမှာ
    အသံလှိုင်းကြီး ထခဲ့
    အရင်တုန်းက ပိုက်ဆံတွေကို စက္ကူလုပ်လိုက်လို့ (၁၉၈၈)
    အခု စက္ကူတွေကို ပြာဖြစ်အောင် လုပ်လိုက်လို့ (၂၀၀၇)
    တစ်ဝမ်းနဲ့တစ်ခါး ကျိုးပျက်သွားတာချည်းပဲ၊
    ဒိန်းကနဲ ဒိန်းကနဲ
    သေနတ်တွေ တပြင်ပြင်နဲ့
    အုပ်စုလိုက် လူပစ်သတ်ပွဲတွေကြားမှာ
    အင်္ကျီ၊ ပုဆိုး၊ ထမိန်(တကိုယ်လုံး) အားလုံး အနီရောင် ခပ်ရဲရဲ ၀တ်ခဲ့ကြရ
    အုပ်စုလိုက် လူရိုက်သတ်ပွဲတွေကြားမှာ...
    ၈ လပိုင်းမှာ ဒီမိုကရေစီ
    ၈ လပိုင်းမှာ လူထုလှုပ်ရှားမှု
    ကားလမ်းတလျှောက် ကုန်းကြောင်းလျှောက်လို့
    လက်ခုတ်သံကြား ဦးခေါင်းမော့လို့
    ဟိုဘက် ဒီဘက် လူ့ငပျက်တွေကြားမှာ
    အော်ဆဲ၊ ၀င်ထိုး၊ ပုဆိုးချွတ်၊ ထမိန်ချွတ်၊ ကားပေါ်ပစ်တင်ခံကြရ
    ပြည်သူ့ လက်ခုတ်သံနဲ့ ၀ါးရင်းတုတ်တွေ ကျိုးကျန်စေရမယ်
    ပြည့်သူ့ဆန္ဒနဲ့ စနစ်ဆိုးကြီး မြေခစေရမယ်
    ပြည့်သူ့အသံနဲ့ ဒီမိုကရေစီအလံ တင်ကြမယ်၊
    ၃၉ မျဉ်းပြိုင်များ
    Mizzima မှကူးယူဖော်ပြသည်။
    posted by ပဉ္စမမြောက်မျိုးဆက် @ 9:52 AM  
    မြန်မာ့အနာဂတ်မျိုးဆက် (MFG Myanmar Future Generation) ၏ “မျိုးဆက်များ၏ပေါင်းစပ်ခြင်း” သီချင်း
    Freedom from Fear
    ဒီမှာသီချင်းနဲ့ စာသား ဒေါင်းလုပ်ရယူပါ။
    posted by ပဉ္စမမြောက်မျိုးဆက် @ 9:08 AM  
    မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်၏ ကျောင်းသားပြည်သူအပေါင်းသို့ပန်ကြားချက်
    “သံဃာတော်များက သာသနာ့အလံကိုကိုင်သလို ကျောင်းသားများကလည်း ကျောင်းသားအလံကိုကိုင်ပြီးချီတက်ဆန္ဒဖော်ထုတ်ကြပါ။ ပြည်သူများကလည်း သံဃာထုနောက်ကဖြစ်စေ၊ ကျောင်းသားထုနောက်ကဖြစ်စေ ရဲရဲရင့်ရင့် ပူးပေါင်းပါဝင်လိုက်ပါ ဆန္ဒဖောက်ထုတ်ကြပါလို့ တိုက်တွန်းနှိုးဆော်လိုက်ပါသည်။”
    မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုသမဂ္ဂများအဖွဲ့ချုပ်
    posted by ပဉ္စမမြောက်မျိုးဆက် @ 8:47 AM  
    သံဃာ့တပ်ပေါင်းစုမှ ကျောင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန်ဖိတ်ခေါ်
    Friday, September 21, 2007
    “တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူပြည်သားအပေါင်းတို့ ယခုအချိန် နအဖစစ်အဆိုးရ တုန်လှုပ်ခြောက်ခြားနေတဲ့ အချိန်ဖြစ်တယ်။ “နအဖအခက်၊ ပြည့်သူ့အချက်”ဆိုတဲ့ ဆောင်ပုဒ်ကို စွဲကိုင်ပြီး ပြည်သူတစ်ရပ်လုံးက ယိုင်လဲနေတဲ့ မတရားစစ်အဆိုးရရဲ့ အုတ်တံတိုင်းကြီးကို ပြိုင်တူတွန်းလွှဲဘို့ အချိန်ကောင်း အခါကောင်းပဲဖြစ်ပါတယ်။ သံဃာတော်များရဲ့ လုပ်ရပ်တွေက ကမ္ဘာကို တုန်လှုပ်သွားခဲ့ပြီ။ မျက်စိစုံမှိတ် ကြောက်နေမယ်ဆိုလို့ရှိရင်ဖြင့် ဖိနှိပ်မှု ရက်စက်မှုတွေက အခုအခြေအနေထက် ပိုဆိုးလာမှာ အသေအချာပါပဲ။ ဒီအချိန်မှာ နိုင်ငံတကာကို အားကိုးတဲ့စိတ်ကိုကြောက်ပြီး ပြည်သူတစ်ရပ်လုံးက သံဃာတော်တွေနဲ့အတူ လက်တွဲပါဝင်ရင် နအဖစစ်အဆိုးရပြုတ်မှာ မြေကြီးလက်ခတ်မလွဲဘူး။ ပြည့်အင်အင်းဟာ ပြည်တွင်းမှာသာရှိတယ်။ တစ်ဦးကောင်းတစ်ယောက်ကောင်းနဲ့ တောင်းဆိုနေလို့ မယိုင်ဘူး။ ညီညာမှ ပြည်သာမှာ။ ဒီတော့ ရပ်ကြည့်မနေကြပါနဲ့။ သံဃာတော်များနဲ့အတူ စည်းကမ်းရှိစွာ ပူးပေါင်းလက်တွဲပါဝင်ကြဖို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်။” လွတ်လပ်မှုနဲ့ တရားမျှတတမှုကို လိုလားသူများ
    ကိုးကား: RFA
    posted by ပဉ္စမမြောက်မျိုးဆက် @ 2:46 PM  
    မြန်မာ့မျိုးချစ်တပ်မတော်သားများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများသို့ ပန်ကြားလွှာ
    posted by ပဉ္စမမြောက်မျိုးဆက် @ 2:28 AM  
    Our Hero - Min Ko Naing
    Thursday, September 20, 2007
    He is not zero;
    But Myanmar's hero;
    Throughout many years,
    he has sacrifice his life for others
    who live in fear;
    Has a courage under fire;
    That's why we all do admire;
    He encourage us to walk along a path;
    A path leading to a place where we can live out of fear;
    We all shall WALK now or never;
    Labels: , , ,
    posted by ပဉ္စမမြောက်မျိုးဆက် @ 5:59 PM  
    Invictus
    Out of the night that covers me,
    Black as the Pit from pole to pole,
    I thank whatever gods may be
    For my unconquerable soul.
    In the fell clutch of circumstance
    I have not winced nor cried aloud.
    Under the bludgeonings of chance
    My head is bloody, but unbowed.
    Beyond this place of wrath and tears
    Looms but the horror of the shade,
    And yet the menace of the years
    Finds, and shall find me, unafraid.
    It matters not how strait the gate,
    How charged with punishment the scroll,
    I am the master of my fate,
    I am the captain of my soul.
    William Ernest Henley
    . 1849–1903
    Labels: ,
    posted by ပဉ္စမမြောက်မျိုးဆက် @ 11:09 AM  
    ကျွန်တော့်အကြောင်း
    Name: ပဉ္စမမြောက်မျိုးဆက်
    Home: ခွပ်ဒေါင်းမြေ, သခင်နိုင်ငံတော်
    About Me: ကျွန်တော် ခွပ်ဒေါင်းတစ်ကောင်ပါ။ ခေတ်အဆက်ဆက် ဖိနှိပ်မှုတွေကို ရှေ့ဆုံးကနေမာန်ဟုန်အပြည့်နဲ့တွန်းလှန်ခဲ့ကြတဲ့ ခွပ်ဒေါင်းမျိုးဆက်တွေရဲ့ ပဉ္စမမြောက်မျိုးဆက်ပါ။ အာဏာရှင်တွေ အာဏာသုံးပြီး ဖိနှိပ်နေသမျှ ကာလပတ်လုံး လက်မမြှောက် ဒူးမထောက် အညံ့မခံပဲ တွန်းလှန်သွားမယ်လို့ ကတိသစ္စာပြုပါတယ်။
    See my complete profile
    သတ်ဖြတ်မှုတွေချက်ချင်းရပ်
    Let's Sign the Petition
    Free Burma! Petition Widget
    Name: (required)
    Email:
    Web:
    Country:
    မြန်မာပြည်ရဲ့အချိန်သိချင်ရင်
    တင်ခဲ့ပြီးသမျှ
    Archives
    ကျွန်တော်ချစ်ခင်လေးစားရပါသော ဘလော့်ဂါများ
    သတင်းစကားပါးကြစို့
    အလည်အပတ်လာရောက်ကြသူများ
    ပဉ္စမမြောက်မျိုးဆက်၏ သဘောထား
    နစ်နေမန်း၊ မျိုးချစ်မြန်မာ၊ ကိုထိုက်၊ ဆုံဆည်းရာနှင့်တကွ အားလုံးသောရွှေဝါရောင်တော်လှန်ရေးရဲဘော်ဘလော့ဂ်များအား နအဖမှ ဘန်းလိုက်ခြင်းကို အပြင်းအထန်ကန့်ကွက်ရှုံ့ချပါသည်။ စစ်အဆိုးရ ကျဆုံးရမည်။ အရေးတော်ပုံအောင်ရမည်။ ဓမ္မရန်သူ ဤကမ္ဘာမြေမှ ပျောက်ကွယ်ရမည်။
    လာလည်သူပေါင်း
    Visitor Counter by Digits
    လာရောက်အားပေးနေသူ
    ဆက်သွယ်ရန်
    © 2006 5th Generation .Template by Isnaini Dot Com